Credit to Popular Journal - ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း၌ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခဖြစ်စဥ်များကြောင့် လျှပ်စစ် ဓာတ်အားလိုင်းများပျက်စီးမှုများဖြစ်ပေါ်ခဲ့၍ ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ လက်ရှိအချိန်၌ (၈၃) ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ စစ်ရေးပဋိပက္ခများကြောင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ နေအိမ်များမီးလေ-ာင်ပျ-က်စီးခြင်း၊ လျှပ်စစ်မီးတိုင်နှင့် မီးကြိုးများပျ-က်စီးခြင်း၊ သစ်ပင်/သစ်ကိုင်းများပြိုလဲခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ စစ်ရေးပဋိပက္ခဖြစ်ပွားမှုမရှိတော့သဖြင့် ယာယီနေရပ်စွန့်ခွာနေရသူများပြန်လည်ဝင်ရောက် လာရာ လျှပ်စစ်မီးအဆင်ပြေစွာအသုံးပြုနိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ရန်ပုံငွေကျပ် (၅၄ ဒသ မ၂၀ဝ) သန်းဖြင့် ကော့ကရိတ်မြို့နယ်၊ တံတားကျိုးကျေးရွာရှိ စစ်ဆေးရေးဂိတ်ဝင်းအတွင်း၌ 11/11KV 1000 Transformer တည်ဆောက်ခြင်းနှင့် မီးကြိုးလိုင်းများရှင်းလင်းခြင်းတို့ကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ လုပ်ငန်းအားလုံး၏ (၈၃ ဒသမ ၃၃) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။ The post ကော့ကရိတ်မြို့၌ လျှပ်စစ်မီးပြန်လည်ရရှိရေးဆောင်ရွက်နေမှု (၈၃) ရာခိုင်နှုန်းကျော်ပြီးစီး appeared first on Popular .