Credit to Popular Journal - ယနေ့ (မတ် ၈) နေ့လည်ပိုင်းက ဓာတ်အားစနစ်အတွင်း ယာယီအပြစ်ဖြစ်၍ ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မီးပျက်နေရာမှ ယခုအခါ လျှပ်စစ်မီးပုံမှန်အတိုင်းပြန်လည်ရရှိနေပြီ ဖြစ်သည်။ ထိုသို့ လျှပ်စစ်မီးပုံမှန်ပြန်လည်ရရှိပြီဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ဌာနခွဲများမှ ကြေညာပေးနေသည်။ “14:10hr- ဆေးရုံကြီးများအုပ်စု15:07hr-လမ်းမတော် လသာ(ပန်းပဲတန်း-ဒဂုံ-ဗဟန်း)Back to normal” ဟု YESC လမ်းမတော်က အသိပေးထားသည်။ ထို့အတူ တခြားသော တိုင်းပြည်နယ်များတွင်လည်း လျှပ်စစ်ဓာတ်အားပြန်လည်ရရှိကြောင်း မှတ်ချက်ဝင်ရောက်ရေးသားနေကြသည်။ ဓာတ်အားစနစ်အတွင်း ယာယီအပြစ်ဖြစ်ပွားမှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်နေသဖြင့် ဓာတ်အားပြန်လည်ရရှိရန် အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ The post ရန်ကုန်အပါအဝင် နေရာအများစုတွင် လျှပ်စစ်မီးပုံမှန်အတိုင်းပြန်လည်ရရှိ appeared first on Popular .