စက်သုံးဆီ ဈေးတင်မရောင်းကြရန် ဧရာဝတီတိုင်း ဝန်ကြီးချုပ် မှာကြား

Credit to Popular Journal - ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် စက်သုံးဆီသုံးစွဲမှု ခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပြီး ဈေးတင်ရောင်းခြင်းမျိုး မပြုလုပ်ကြရန်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။ စက်သုံးဆီနှင့်ပတ်သက်၍ မြေပြင်တွင်သတင်းအမှန်ရရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများ နေ့စဉ်ရောက်ရှိမှု၊ ကျန်ရှိမှုနှင့် ရောင်းချရာတွင် ဈေးတင်ရောင်းခြင်းမျိုးမဖြစ်ရန် ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နွေစပါးစိုက်ကာလဖြစ်၍ စိုက်ပျိုးရေရရှိရေးအတွက် စက်သုံးဆီများမဖြစ်မနေလိုအပ်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေး၊ စက်သုံးဆီခြိုးခြံ ချွေတာရေးနှင့် ဖူလုံမှုရှိ‌စေရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ယာဉ်များကို မောင်းနှင်အသုံးပြုစေရေး ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဝန်ကြီးချုက်က ပြောကြားခဲ့သည်။ ထို့ပြင် ပြည်သူများအား မိမိတို့အသုံးပြုရန်အတွက် လိုအပ်သလောက်သာ စက်သုံးဆီများကို ဝယ်ယူသုံးစွဲစေ‌ရေး၊ စက်သုံးဆီများအား မလိုအပ်ဘဲ ဝယ်ယူသိုလှောင်ထားခြင်းများ မပြုလုပ်စေရေး၊ နေ့စဉ်အသုံးပြုသည့် မော်တော်ယဉ်များအနေဖြင့်လည်း […] The post စက်သုံးဆီ ဈေးတင်မရောင်းကြရန် ဧရာဝတီတိုင်း ဝန်ကြီးချုပ် မှာကြား appeared first on Popular .