မကြာမှီလွှတ်တော်ကျင်းပမည်ဖြစ်၍ လုံခြုံရေးကိုအထူးအလေးထားဆောင်ရွက်ရန် ကချင်ပြည်နယ်ဝန် ကြီးချုပ်မှာကြား

Credit to Popular Journal - မကြာမှီရက်ပိုင်းအတွင်း တတိယအကြိမ် ကချင်ပြည် နယ်လွှတ်တော်၏ ပထမပုံမှန်အစည်းအဝေးကျင်းပမည်ဖြစ်၍ လုံခြုံရေးကိုအထူးအလေးထားဆောင်ရွက်ရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်မှ မတ် ၇ ရက်ကကျင်းပသည့် လွှတ်တော်ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုငိးအစည်းအဝေး၌ မှာကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်ကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသော အာဏာသုံးရပ်ဖြင့် အပြန်အလှန်ထိန်း ကျောင်းနိုင်သည့် ဒီမိုကရေစီကျင့်စဉ်စနစ်ပီပြင်စွာဖြစ်ပေါ်လာရေးအတွက် အလွန်အရေးကြီးသည့်လုပ်ငန်း စဉ်၍ လုံခြုံရေးကိုအထူးအလေးထားဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် လွှတ်တော်အစည်းအဝေးစတင်ကျင်းပမည့်ရက်နှင့် လွှတ်တော်ကိုယ်စားလှယ်များရောက်ရှိလာတော့မည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားရမည့် လုပ်ငန်းများကို အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဟု ပြောသည်။ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးအား မကြာမှီရက်ပိုင်းအတွင်း၌ လွှတ် တော်ကိုယ်စားလှယ်(၄၅)ဦးဖြင့်ကျင်းပသွားမည်ဖြစ် သည်။ The post မကြာမှီလွှတ်တော်ကျင်းပမည်ဖြစ်၍ လုံခြုံရေးကိုအထူးအလေးထားဆောင်ရွက်ရန် ကချင်ပြည်နယ်ဝန် ကြီးချုပ်မှာကြား appeared first on Popular .