အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် ပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့ကို ဂုဏ်ပြုချီးမြှင့်

Credit to Popular Journal - ၂၀၂၅ ခုနှစ် မတ် ၂၀ ရက်မှ ၂၅ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပခဲ့သည့် ISTAF SEPAKTAKRAW WORLD CUP 2025 ပြိုင်ပွဲတွင် ရွှေငွေကြေး ဆုတံဆိပ်များ ရရှိခဲ့သည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့ကို ယမန်နေ့က နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် ထိုင်း၊ဗီယက်နမ်၊မလေးရှား၊တရုတ်၊ အီတလီနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အမျိုးသားအမျိုးသမီးလေးယောက်တွဲပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခုစီနှင့် အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု စုစုပေါင်း ဆုတံဆိပ်‌လေးခုရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဆုတံဆိပ်များရရှိခဲ့သည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ပွဲ၌ စုစုပေါင်း ကျပ် သိန်း ၁၄၄၀ ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ နိုင်ငံတကားအားကစားပြိုင်ပွဲများ […] The post အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် ပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားအဖွဲ့ကို ဂုဏ်ပြုချီးမြှင့် appeared first on Popular .