Credit to Popular Journal - စက်သုံးဆီအခက်အခဲဖြစ်ပေါ်နေချိန်၌ CNG သုံး Taxi များ ငှားရမ်းခတိုးမြှင့်တောင်းခံ၍ တိုင်ကြားခံရပြီး စိ စစ်သိရှိပါက CNG သုံးစွဲခွင့်စာရင်းမှပယ်ဖျက်မည်ဖြစ် ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်၏ပြောကြားချက်အရ သိရသည်။ ၎င်းမှ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အ ဆင်ပြေချောမွေ့စေရေးအတွက် မော်တော်ယာဉ်သုံးသ ဘာဝဓာတ်ငွေ့(CNG)အရောင်းဆိုင်များမှ မော်တော် ယာဉ်သုံးသဘာဝဓာတ်ငွေ့များရောင်းချပေးလျက်ရှိရာ ပြည်သူများ အမှန်တကယ်အကျိုးခံစားခွင့်ရရှိစေရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စွမ်းအင်ဝန်ကြီးဌာနသည် အများပြည်သူသယ်ယူပို့ ဆောင်ရေးကဏ္ဍအတွက်အရေးပါသည့် YBS ယာဉ်များနှင့် Taxi ယာဉ်များသို့ သဘာဝဓာတ်ငွေ့(CNG) များကို မပြောင်းလဲသောဈေးနှုန်းဖြစ်သည့် (၁)ကီလိုဂ ရမ်လျှင် (၂၇၃ ကျပ် ၂၅ ပြား)နှုန်းဖြင့် ၂၀၀၇ ခုနှစ်မှစ၍ရောင်းချပေးနေသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။ ယင်းဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့်သက်သာကာ စက်စွမ်းအားတူညီသည့် မော်တော်ယာဉ်များတွင် ဓာတ်ဆီ၊ ဒီဇယ်နှင့် […] The post CNG သုံး Taxi များ ငှားရမ်းခတိုးမြှင့်တောင်းခံပါက CNG သုံးစွဲခွင့်စာရင်းမှပယ်ဖျက်မည် CNG အသုံးပြုနေသည့် မော်တော်ယာဉ်များတွင် Metering စနစ်တပ်ဆင်မည် appeared first on Popular .