တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး စတင်၊ သဘာပတိအဖြစ် ဒေါက်တာနန္ဒကျော်စွာက တာဝန်ယူပြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ ရွေးချယ်မည်

Credit to Popular Journal - ‎ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ (၁၆) ရက်၊ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံ၌ စတင်ကျင်းပနေပြီဖြစ်သည်။ ‌‎တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့တွင် သဘာပတိအဖြစ် ဒေါက်တာနန္ဒကျော်စွာက တာဝန်ယူမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌတို့ကို ရွေးချယ်တင်မြှောက်ကာ သဘာပတိက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကို တာဝန်လွှဲအပ်ကာပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားသွားမည်ဖြစ်သည်။ ‎တတိယအကြိမ် ပြည်သူ့လွှတ်တော်မှာတော့ ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် (၂၆၃) ယောက်နှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အယောက် (၁၁၀) စုစုပေါင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၃၇၃) ယောက် ရှိမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၂၆၃)နေရာတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ […] The post တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး စတင်၊ သဘာပတိအဖြစ် ဒေါက်တာနန္ဒကျော်စွာက တာဝန်ယူပြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ ရွေးချယ်မည် appeared first on Popular .