သရက်ချောင်းတွင် ဆုတ်ခွာသွားသော စစ်တပ်က အရပ်သား ၇ ဦးကိုသတ်ဖြတ်၊ ၅ ဦးဖမ်းဆီးခံရ

ဝင်းဝရဲစခန်းမှ ဆုတ်ခွာသွားသည့် စစ်ကော်မရှင်တပ်က လမ်းပြအဖြစ်ခေါ်ဆောင်သွားသော အမျိုးသား နှင့်အမျိုးသမီး ခုနစ်ဦးကို သတ်၍ ရာဘာတောထဲတွင် ပစ်ထားခဲ့ပြီး ချောင်းဝပြင်ရွာသား ငါးဦးလည်း ဖမ်းဆီးခံထားရသည်ဟု ဒေသခံများက ပြောသည်။