ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေတူးနေသည့် ဖောင်များကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲမှု သေဆုံးသူအရေအတွက် များပြား

ရန်ကုန်၊ မတ် ၁၆ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေတူးနေသည့် ဖောင်များကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲမှု သေဆုံးသူအရေအတွက် များပြားကြောင်း ဒေသသတင်းရင်းမြစ် Infinity Group၏ သတင်းဖော်ပြချက်နှင့် ရွှေမျှောဖောင်များတွင် အလုပ်လုပ်နေသည့် အလုပ်သမားတချို့၏ ပြောဆိုချက်များအရ သိရှိရသည်။ ယမန်နေ့ မတ်လ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် အကြမ်းဖက်စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်၊ ကောလင်းနယ်ဘက်အခြမ်းရှိ ရွှေမျှောဖောင်များကို လေယာဉ်များဖြင့် ဗုံးကျဲခြင်း၊ လေယာဉ်ပေါ်မှ စက် သေနတ်များဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ရွှေမျှောဖောင်များ မီးလောင်ကျွမ်းပြီး အလုပ်သမား အများအပြား သေဆုံးကြောင်း၊ ဒဏ်ရာရရှိသူလည်းများပြားပြီး သေဆုံးသူအရေအတွက် မည်မျှရှိသည်ကို […] The post ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေတူးနေသည့် ဖောင်များကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲမှု သေဆုံးသူအရေအတွက် များပြား appeared first on Khit Thit Media .