CRPH နှင့် အကြမ်းဖက်စစ်တပ်တို့က တစ်ပြိုင်နက်တည်း လွှတ်တော်အစည်းအဝေးများ ခေါ်ယူ

ရန်ကုန်၊ မတ် ၁၆ ၂၀၂၀ ရွေးကောက်ပွဲအရ ရွေးကောက်တင်မြှောက်ထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ-CRPH က ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများ ခေါ်ယူကျင်းပမည်ဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ- NUG က တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။ CRPH က ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းအဝေး ကို ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ လွှတ်တော်အစည်းအဝေးကို CRPH ၊ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ PVTV (Public Voice Television) နှင့် သတင်းမီဒီယာအချို့၏ လူမှုကွန်ယက်စာမျက်နှာများမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အလားတူ အကြမ်းဖက်စစ်တပ်ကလည်း ၂၀၂၅ ခုနှစ်အတွင်း အပိုင်း ၃ […] The post CRPH နှင့် အကြမ်းဖက်စစ်တပ်တို့က တစ်ပြိုင်နက်တည်း လွှတ်တော်အစည်းအဝေးများ ခေါ်ယူ appeared first on Khit Thit Media .