ရန်ကုန်၊ မတ် ၁၆ မကွေးတိုင်း၊ ထီးလင်းမြို့နယ် တိုက်ပွဲတွင် သေဆုံးခဲ့သော တပ်မ ၇၇ ခြေမြန်တပ်မဌာနချုပ်မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ဝင်းမောင်မောင်ကို ဗိုလ်မှူးချုပ်ရာထူးတိုးပေးပြီး စစ်အခမ်းအနားဖြင့် သဂြိုလ်ခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၁၂ ရက်နေ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ဦးဆောင်သည့် တပ်မ ၇၇ စစ်ကြောင်းများက ပခုက္ကူ-ပေါက်-ထီးလင်း လမ်းပိုင်းမှ တဆင့် ချင်းပြည်နယ်အတွင်းသို့ ချီတက်စစ်ကြောင်းထိုးရန် ကြိုးပမ်းနေစဉ် ထီးလင်းမြို့ နယ်အစပ်၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုအတွင်း ဒုတပ်မမှူး ဗိုလ်မှူးကြီး ဝင်းမောင်မောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။ “ဗိုလ်မှူးကြီး ဝင်းမောင်မောင်ပါတဲ့ ကားတန်းက မိုင်းဆွဲခံရတယ်၊ ၀ိုင်းပစ်တယ်။ အဲဒီမှာ ဒဏ်ရာရတယ်။ ပွဲချင်းပြီး ချက်ချင်းသေတာမျိုးမဟုတ်ဘူး။ ဆေးရုံကို ပြန်ပို့ဖို့ ကြိုးစားနေချိန်မှာပဲ ရရှိတဲ့ဒဏ်ရာနဲ့ […] The post ထီးလင်း တိုက်ပွဲတွင် သေဆုံးခဲ့သော တပ်မ ၇၇ ဒုတပ်မမှူး ဗိုလ်မှူးကြီး ဝင်းမောင်မောင်ကို ဗိုလ်မှူးချုပ်ရာထူးတိုးပေးပြီး စစ်အခမ်းအနားဖြင့် သဂြိုလ် appeared first on Khit Thit Media .