ရန်ကုန်၊ မတ် ၁၆ တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် လမ်းပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ၍ ပြည်သူများ သွားလာခြင်း လုံးဝ မပြုလုပ်ရန် အသိပေးလိုကြောင်း ဒေသပြည်သူများနှင့် ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မတ်လ ၁၆ ရက်နေ့ထိ မြိတ်-ထားဝယ် လမ်းပိုင်းရှိ သရက်ချောင်းမြို့နယ်ဘက်နှင့် ပလောက်မြို့ဘက်တို့တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်တပ်က လမ်းပိုင်းအတွင်း သွားလာနေသော ကားများကိုလည်း လက်နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်မှုများရှိကြောင်း သိရသည်။ အဆိုပါ မြိတ်-ထားဝယ် လမ်းပိုင်းသည် တော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်၏ ဝင်းဝစခန်းသိမ်း တိုက်ပွဲ စတင်ဖော်ဆောင်ခဲ့သည့် ဖေဖော်ဝါရီလပိုင်းမှ စတင်၍ တိုက်ပွဲများကြောင့် လမ်းပိုင်းပိတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် […] The post မြိတ်-ထားဝယ် လမ်းပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ၍ ပြည်သူများ သွားလာခြင်း လုံးဝ မပြုလုပ်ရန် အသိပေး၊ စစ်တပ်က လေယာဉ်ဖြင့် နေ့စဉ် ဗုံးကျဲတိုက်ခိုက် appeared first on Khit Thit Media .