Credit to Popular Journal - ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နှင့် ကျွဲဒုံးတိုက်နယ်သို့ ဆက်သွယ်ထားသည့် အရှည် (၁၂) မိုင်ခန့်ရှိသော ကျေးရွာချင်းဆက်လမ်းမှ အရှည်ပေ (၂) မိုင်ခန့်အား ကျပ်သိန်းပေါင်း (၈၀၀၀) ခန့် အကုန်အကျခံကာ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းခြင်းအား မတ်လ (၁၅) ရက်နေ့မှ စတင်ကာဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါလမ်းသည် မအူပင်မြို့နှင့် ကျွဲဒုံးတိုက်နယ်ကို ဆက်သွယ်ပေးသည့် အဓိကလမ်းဖြစ်သည်။ ကျွဲဒုံးအထိဆိုပါက (၁၂) မိုင်နီးပါးရှိကြောင်း သိရသည်။ ယခုကွန်ကရစ်လမ်းခင်းခြင်းသည် အရှည် (၂) မိုင်ကို စတင်ခင်းခြင်းဖြစ်ကြောင်း၊ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံမြင့်သန်းက မတည်လှူဒါန်းပေးပြီး ကျေးရွာနေ ပြည်သူများနှင့် မြို့ပေါ်အလှူရှင်များက ထည့်ဝင်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးရွာခြင်းဆက်လမ်း (၂) မိုင်ကျော်အား အကျယ် (၁၂) ပေ၊ ထု (၈) လက်မဖြင့် […] The post မအူပင်မြို့နယ် အောင်ဟိတ် – ဆိပ်သာ-ကျွဲဒုံး ကျေးရွာချင်းဆက်လမ်းမှ အရှည် (၂) မိုင်ကျော်အား ကျပ်သိန်း (၈၀၀၀) ခန့်အကုန်အကျခံကာ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းနေ appeared first on Popular .