Credit to Popular Journal - နေပြည်တော်ကောင်စီနယ်မြေ၌ ဆီထွက်နေကြာစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ နေကြာစိုက်ပျိုးသည့် ဧရိယာနှင့် မျိုးစေ့လိုအပ်ချက်ဟန်ချက်ညီ ဆောင်ရွက်ပေးနိုင်ရေး စနစ်တကျစီမံဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း သိရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထားသည့် မျိုးမြှင့်တင်ပေးထားသော ဆင်းရွှေကြာ – ၂ နေကြာစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်နေမှုကို ကြည့်ရှုခဲ့ကြောင်း သိရသညိ။ နေကြာသီးနှံကို စိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် စပ်မျိုးနေကြာမျိုးကို နှစ်စဉ်စိုက်ပျိုးရာသီတိုင်း ဝယ်ယူရန်မလိုဘဲ တောင်သူကိုယ်တိုင် မျိုးရွေးချယ်မြှင့်တင်နည်းဖြင့် စိုက်ပျိုးနိုင်သည့် သဘာဝဝတ်မှုံကူးနိုင်သောမျိုးကို ဈေးနှုန်းချိုသာစွာဖြင့် စိုက်ပျိုးနိုင်ကြောင်းလည်း ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောသည်။ အဆိုပါ နည်းစနစ်တွင် အပွင့်အရွယ်အစားနှင့် အထွက်တိုးလက္ခဏာနှင့် ပြည့်စုံသော အပင်ပုံစံတို့ကို ရွေးချယ်၍ မျိုးစေ့သိမ်းဆည်းပြီးနောက် စိုက်ပျိုးရာသီတွင် ပြန်လည်စိုက်ပျိုး၍ နှစ်စဉ်မျိုးထိန်းမြှင့်တင်သွားရန်၊ စိုက်ပျိုးရာဒေသနှင့်ကိုက်ညီမည့် […] The post နေပြည်တော် ကောင်စီနယ်မြေ၌ ဆီထွက်နေကြာစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ဆောင်ရွက်နိုင်ရေးလုပ်ဆောင်နေ appeared first on Popular .