Credit to Popular Journal - ယနေ့ မတ်လ (၁၆) ရက်မှစတင်၍ Myanmar National League 2025-26 Week-22 ရာသီပိတ် နောက်ဆုံးပွဲစဉ်များ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက အသိပေးထုတ်ပြန်သည်။ ရာသီပိတ်နောက်ဆုံးပွဲစဉ်များအား မတ်လ (၁၆) မှ(၁၈) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ချန်ပီယံဆုအတွက် အပြိုင်အဆိုင်ဖြစ်ပေါ်နေသည့် ပွဲစဉ်များနှင့် တန်းမဆင်းရရေး နောက်ဆုံးချိန်အထိ ရုန်းကန်သွားရမည့် အကြိတ်အနယ်ပွဲစဉ်များလည်း ပါဝင်နေသည်။ ယနေ့ မတ်လ (၁၆) ရက်တွင် ၂၀၁၃ခုနှစ် နောက်ပိုင်း မြန်မာနေရှင်နယ်လိဂ်-၂ သို့ တန်းဆင်းသွားရနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့် ရခိုင်ယူနိုက်တက်အသင်းနှင့် အဆင့် (၅) နေရာက ISPE FC၊ ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိရေး နိုင်ပွဲမဖြစ်မနေလိုအပ်နေသည့် ဒဂုံပေါ့အသင်းနှင့် အဆင့် (၆) နေရာက ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အလားတူ တစ်ရာသီအတွင်း […] The post Myanmar National League 2025-26 Week-22 ရာသီပိတ်နောက်ဆုံးပွဲစဉ်များ ယနေ့ စတင်ကျင်းပမည် appeared first on Popular .