Credit to Popular Journal - ကင်န်ဘာရာ၊ မတ်လ ၁၆ ရက် ဟော်မုဇ်ရေလက်ကြားရှိ ရေနံတင်သင်္ဘောများကို အကာအကွယ်ပေးရန်အတွက် သြစတြေးလျအနေဖြင့် ရေတပ်သင်္ဘောများကို စေလွှတ်မည်မဟုတ်ကြောင်း ဝါရင့်အစိုးရဝန်ကြီးတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။ သြစတြေးလျနိုင်ငံသည် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ပေါ်ပေါက်လာသည့် “စီးပွားရေး အကျပ်အတည်း” အတွက် ကောင်းမွန်စွာ ပြင်ဆင်ထားပြီး ဒေသတွင်းသို့ စစ်သင်္ဘောစေလွှတ်မည်မဟုတ်ကြောင်း ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ်၏ အစိုးရအဖွဲ့ဝင်ဖြစ်သူ အခြေခံအဆောက်အဦ၊ သယ်ယူပို့ဆောင်ရေး၊ ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသန္တရအစိုးရဝန်ကြီး ကတ်သရင်းကင်း က အေဘီစီ ရေဒီယိုသို့ ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် အနည်းဆုံး သိုလှောင်ထားရမည့် စက်သုံးဆီပမာဏ သတ်မှတ်ချက်ကို လျှော့ချပေးခြင်းနှင့် ကန့်သတ်ချက်ထက်ပိုသော ဆာလဖာပါဝင်သည့် စက်သုံးဆီများကို အသုံးပြုနိုင်ရန် စံချိန်စံညွှန်းများကို ယာယီပြင်ဆင်ပေးခဲ့ပြီးနောက်၊ တနင်္လာနေ့အထိ သြစတြေးလျတွင် ဓာတ်ဆီ ၃၇ […] The post ဟော်မုဇ်သို့ ရေတပ်သင်္ဘောများ မလွှတ်ပါ–သြစတြေးလျ appeared first on Popular .