ထရမ့်ပ်ကဟော်မုဇ်တွင် ဂျပန်စစ်သင်္ဘောများကို ဖြန့်ကျက်ချထားစေလို

Credit to Popular Journal - မတ် ၁၆ ရက် အရှေ့အလယ်ပိုင်းတွင် လျင်မြန်စွာ အရှိန်မြင့်လာသော ပဋိပက္ခများသည် ယခုသီတင်းပတ်အတွင်း ကျင်းပမည့် ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချိနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့၏ တွေ့ဆုံမှုကို လွှမ်းမိုးသွားနိုင်ဖွယ်ရှိကြောင်း သိရသည်။ ခေါင်းဆောင်နှစ်ဦးသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် သင်္ဘောတည်ဆောက်ရေးကဏ္ဍတွင် ပိုမိုနက်ရှိုင်းစွာ လက်တွဲရန် မျှော်လင့်ထားကြသော်လည်း ယခုအခါ အခြေအနေမှာ ပြောင်းလဲသွားခဲ့ပြီဖြစ်ပေသည်။ ကြာသပတေးနေ့တွင် အိမ်ဖြူတော်၌ ကျင်းပပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲသည် တာကအိချိကို အခက်တွေ့စေမည်ဖြစ်ပေသည်။ သူသည် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရန်အတွက် တိုကျိုနှင့် အခြားနိုင်ငံများအနေဖြင့် စစ်သင်္ဘောများစေလွှတ်ရန် ထရမ့်ပ်၏ တောင်းဆိုမှုနှင့် ပြည်ပစစ်ဆင်ရေးများတွင် ပါဝင်ခြင်းကို ကန့်သတ်ထားသည့် သူ့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကန့်သတ်ချက်များအကြား ကြားညပ်နေပေသည်။ ပြီးခဲ့သည့်လက အီရန် ကို အမေရိက-အစ္စရေးတို့၏ တိုက်ခိုက်မှုနှင့် နောက်ဆက်တွဲအနေဖြင့် အရေးပါသော […] The post ထရမ့်ပ်ကဟော်မုဇ်တွင် ဂျပန်စစ်သင်္ဘောများကို ဖြန့်ကျက်ချထားစေလို appeared first on Popular .