Credit to Popular Journal - တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် ပါရီမြို့တော် မြူနီစပယ်ရွေးကောက်ပွဲ ပထမအကျော့ မဲပေးပွဲတွင် လက်ဝဲယိမ်းကိုယ်စားလှယ် အီမန်နျူရယ် ဂရေဂွား ဦးဆောင်သော အဖွဲ့သည် မဲအများဆုံးရရှိနေကြောင်း ကနဦးခန့်မှန်းချက်များကို ကိုးကား၍ ရေဒီယိုဖရန့်စ်က ဖော်ပြခဲ့သည်။ ဆိုရှယ်လစ်ပါတီ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပါတီ နှင့် ပြင်သစ်ကွန်မြူနစ်ပါတီတို့ မဟာမိတ်ဖွဲ့ထားသည့် ကိုယ်စားလှယ်စာရင်းကို ဦးဆောင်သူ ဂရေဂွားသည် မဲအရေအတွက် ၃၆.၅ ရာခိုင်နှုန်း ရရှိခဲ့ပြီး၊ ယခင်ယဉ်ကျေးမှုဝန်ကြီး ရာချီဒါ ဒါတီ ဦးဆောင်သော ရီပတ်ဘလီကင်ပါတီ အဖွဲ့မှာ ၂၄.၉ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း အိုင်ပီအက်စ်အိုအက်စ် လူထုစစ်တမ်းကောက်ယူရေးအဖွဲ့၏ ကနဦးခန့်မှန်းချက်များအရ သိရသည်။ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ ပြင်သစ်ဝန်ကြီးချုပ် ဆီဘက်စတီယန် လေကော်နူး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် မြောက်ပိုင်းရှိ ဗယ်နွန်မြို့တွင် မဲအရေအတွက် ၅၉ ရာခိုင်နှုန်းကျော် ရရှိခဲ့သဖြင့် မြူနီစပယ် […] The post ပါရီမြူနီစပယ်ရွေးကောက်ပွဲ အီမန်နျူရယ် ဂရေဂွား ဦးဆောင်နေ appeared first on Popular .