အချုပ်အခြာအာဏာကာကွယ်ရန်သံတမန်ရေးကို ‘မပြတ်တောက်’ အောင်ဆောင်ရွက်မည်–ဖ‌နောင်ပင်

Credit to Popular Journal - ထိုင်းလက်နက်ကိုင်တပ်ဖွဲ့များ၏ ကျူးလွန်မှုများမှ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံသားများကို အကာအကွယ်ပေးရန်အတွက် ကမ္ဘောဒီးယား တော်ဝင်အစိုးရသည် “တက်ကြွပြီး မပြတ်တောက်သော” သံတမန်ရေးရာ မစ်ရှင်များကို လုပ်ဆောင်နေကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက မနေ့က အတည်ပြုပြောကြားခဲ့သည်။ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အစိုးရပြောရေးဆိုခွင့်ရှိသူ ပင်ဘိုနာက မကြာသေးမီက ဖြစ်ပွားခဲ့သော နယ်စပ်တင်းမာမှုများနှင့်ပတ်သက်၍ သံတမန်ရေး၊ ဥပဒေကြောင်းအရ ရင်ဆိုင်မှုနှင့် အမျိုးသားစည်းလုံးညီညွတ်မှုတို့ကို ပေါင်းစပ်ထားသည့် အစိုးရ၏ ဘက်ပေါင်းစုံ တုံ့ပြန်ဆောင်ရွက်မှုဗျူဟာကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်၏ လက်ရှိဒေသတွင်း ခရီးစဉ်ကို ဘိုနာက အလေးပေးပြောကြားခဲ့သည်။ ဝန်ကြီးသည် စင်ကာပူနှင့် နူးဇီလန်နိုင်ငံများသို့ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့ပြီးနောက် လက်ရှိတွင် သြစတြေးလျနိုင်ငံသို့ ဆက်လက်သွားရောက်လျက်ရှိသည်။ ခရီးစဉ်များအတွင်း ပရက်ဆိုခွန်သည် ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ဆွေးနွေးခဲ့သည်။ ဘိုနာ၏ အဆိုအရ “ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တစ်လျှောက် […] The post အချုပ်အခြာအာဏာကာကွယ်ရန်သံတမန်ရေးကို ‘မပြတ်တောက်’ အောင်ဆောင်ရွက်မည်–ဖ‌နောင်ပင် appeared first on Popular .