Credit to Popular Journal - လန်ဒန်၊ မတ်လ ၁၅ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာသည် အရှေ့အလယ်ပိုင်းအခြေအနေနှင့် ဟော်မုဇ်ရေလက်ကြား ပိ-တ်ဆို့မှုကြောင့် ကမ္ဘာတစ်ဝန်း သင်္ဘောလိုင်းများ အနှောင့်အယှက်ဖြစ်နေမှုကို ဆွေးနွေးရန် တနင်္ဂနွေနေ့ညနေပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် စကားပြောဆိုခဲ့ကြကြောင်း သိရသည်။ ပုံမှန်သင်္ဘောလိုင်းလမ်းကြောင်းများ၌ ပြန်လည်သွားလာနိုင်စေရန်နှင့် ကမ္ဘာတစ်ဝန်း မြှင့်တက်လျက်ရှိသည့် ကုန်ကျစရိတ်များကို လျှော့ချနိုင်ရန်အတွက် အဆိုပါ အရေးပါသော ရေလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရေးသည် အရေးကြီးကြောင်း စတာမာက အလေးပေးပြောကြားခဲ့သည်ဟု ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ခေါင်းဆောင်နှစ်ဦးစလုံးသည် ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။ ကမ္ဘာ့ရေနံ၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ အချက်အချာကျသည့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် “အကောင်းဆုံးနှင့် အားလုံး ပါဝင်သော နည်းလမ်း” မှာ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခကို အဆုံးသတ်ရန်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေမှာ […] The post ဟော်မုဇ်ပြန်လည်ဖွင့်လှစ်ရေး စတာမာနှင့် ထရမ့်ပ်တို့ ဆွေးနွေး appeared first on Popular .