Credit to Popular Journal - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ကုန်သွယ်ရေးအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့် နိုင်ရန်အတွက် လှုံ့ဆော်မှုများကို တိုးမြှင့် ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်ရေးသင်္ဘောများက ဘေးကင်းလုံခြုံစွာဖြတ်သန်းနိုင်စေရန် အီရန်ကမ်းရိုးတန်းအနီးရှိဒေသသို့ စစ်သင်္ဘောများ စေလွှတ်ကြရန် ပြောကြားခဲ့သည်။ အီရန်ရေနံပို့ကုန်အားလုံးနီးပါးကို တင်ပို့နေသည့် ခါ့ခ်ကျွန်းပေါ်ရှိ စစ်စခန်းများကို တို-က်ခိုက်ရန် အမိန့်ပေးခဲ့ပြီးနောက်နာရီအနည်းငယ်အကြာတွင် အချိန်ဇယားဖော်ပြမထားသော တောင်းဆိုမှုကို ထရမ့်ပ်က ထရုဆိုရှယ်မီဒီယာတွင် တင်ခဲ့ခြင်းဖြစ်သည်။ ခါ့ခ်ကျွန်းပေါ်တွင် တို-က်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် ထိုနေရာရှိ စစ်ဘက်အဆောက်အအုံများကို ဖျ-က်ဆီးပ-စ်ခဲ့ကြောင်းနှင့် ရေနံအခြေခံအဆောက်အအုံများကို မထိမှန်စေရန် ရွေးချယ်ခဲ့ကြောင်း ထရမ့်ပ်က ပြောကြားခဲ့သည်။ အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားမှတဆင့် သင်္ဘောများ လွတ်လပ်ဘေးကင်းစွာ ဖြတ်သန်းသွားလာမှုကို ဝင်ရောက်နှောင့်ယှက်သည့်အရာတိုင်းကိုလုပ်ဆောင်လာပါက ရေနံအခြေခံအဆောက်အဦများကိုလည်း တို-က်ခိုက်မည်ဟု ထရမ့်ပ်က ခြိမ်းခြောက်ခဲ့သည်။ နိုင်ငံများစွာ အထူးသဖြင့် အီရန်က ဟော်မုဇ်ရေလက်ကြားကိုပိတ်ရန် ကြိုးပမ်းမှုများကြောင့် ထိခိုက်ခဲ့သော နိုင်ငံများသည် […] The post ရေလက်ကြားပြန်ဖွင့်ရန် စစ်သင်္ဘောများစေလွှတ်ကြဖို့ ထရမ့်ပ် တောင်းဆို appeared first on Popular .