Credit to Popular Journal - တနင်္လာနေ့က ဒူဘိုင်းနိုင်ငံတကာလေဆိပ်အနီးတွင် ဒရုန်းတို-က်ခိုက်မှုတစ်ခုကြောင့်ဖြစ်ပွားခဲ့သော မီးလေ-ာင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒ-ဏ်ရာရသူမရှိခဲ့သော်လည်း လေယာဉ်ခရီးစဉ်များကိုမူ ယာယီရပ်ဆိုင်းထားကြောင်း ဒူဘိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။ ဒူဘိုင်းနိုင်ငံတကာလေဆိပ်(ဒီအိက်စ်ဘီ) အနီးတွင် ဒရုန်းတို-က်ခိုက်မှုတစ်ခုကြောင့် လေ-ာင်စာတိုင်ကီတစ်ခု ထိခိုက်ခဲ့ကြောင်း ဒူဘိုင်းမီဒီယာရုံးက X ပေါ်တွင် ပြောကြားခဲ့သည်။ အမ်းမရိတ်စ်လေကြောင်းလိုင်းကလည်း ဒူဘိုင်း အဝင် အထွက်ခရီးစဉ်များကို ယာယီရပ်ဆိုင်းထားကြောင်း X ပေါ်တွင် ပို့စ်တင်ကြေညာခဲ့သည်။ ဖေဖော်ဝါရီလ ၂၈ ရက် နေ့တွင် အမေရိကနှင့်အစ္စရေးတို့၏ အီရန်စစ်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ပင်လယ်ကွေ့အာရပ်နိုင်ငံများသည် ဒုံးကျည်နှင့် ဒရုန်းတို-က်ခိုက်မှု ၂,၀၀၀ ကျော်ကို ရင်ဆိုင်ခဲ့ရပြီး အမေရိကန်သံတမန်ရေးရာမစ်ရှင်များ၊ စစ်စခန်းများအပြင် ပင်လယ်ကွေ့ရေနံအခြေခံအဆောက်အဦများ၊ ဆိပ်ကမ်းများ၊ လေဆိပ်များ၊ ဟိုတယ်များ၊ လူနေအိမ်နှင့် ရုံးခန်းအဆောက်အအုံများလည်း ပစ်မှတ်ထားခံခဲ့ရသည်။ အီရန်၏ အဓိကရန်သူတော် အစ္စရေးနှင့် ၂၀၂၀ ပြည့်နှစ်တွင် ပုံမှန်ဆက်ဆံရေးကို ပြန်လည်ထူထောင်ခဲ့သော […] The post ဒူဘိုင်းလေဆိပ်အနီးဒရုန်းဖြင့်တို-က်ခိုက်၊ လေယာဉ်ခရီးစဉ်များဆိုင်းငံ့ appeared first on Popular .