Credit to Popular Journal - သင်္ဘောလိုင်းများ သွားလာမှု ရပ်တန့်နေစဉ်အတွင်း ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် ကူညီကြရန်၊ သို့မဟုတ်ပါက မကူညီသည့်နိုင်ငံများကို ‘ငါတို့ မှတ်ထားမည်’ ဟု ဒေါ်နယ်ထရမ့်က အခြားနိုင်ငံများကို သတိပေးလိုက်သည်။ ရေနံများသယ်ယူရာ အဓိက ရေလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ထက်စာလျှင် အခြားနိုင်ငံများအတွက် ပိုမိုအကျိုးကျေးဇူး ရှိနေသည်ဟုဆိုကာ အဆိုပါ ရေလက်ကြား လုံခြုံရေးအတွက် အခြားနိုင်ငံများက အမေရိကန်ကို ကူညီသင့်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ သမ္မတလေယာဉ် Air Force One ပေါ်တွင် သတင်းထောက်များနှင့် စကားပြောဆိုရာ၌ ထရန့်က အဆိုပါ ရေလက်ကြားကို ဖြတ်သန်းသွားလာနေသည့် ရေနံတင်ပို့မှုများအပေါ် ပိုမိုမှီခိုနေရသည့် တရုတ်နိုင်ငံကဲ့သို့သော နိုင်ငံများသည် ရေလက်ကြား လုံခြုံရေးအတွက် ပါဝင်ကူညီသင့်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သေးသည်။ ထရမ့်အစိုးရ၏ နိုင်ငံခြားဆက်ဆံရေးဌာနအကြီးအကဲ အက်ဒဝပ်ဖစ်ရှမန်းကလည်း […] The post ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် မကူညီသည့် နိုင်ငံများကို ‘ငါတို့ မှတ်ထားမယ်’ ဟု ထရမ့်ဆို appeared first on Popular .