တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက်   လွှတ်တော်၏တာဝန်များကို အများပြည်သူထိထိရောက်ရောက်အကျိုးခံစားနိုင်စေရေး ကြိုးပမ်းဆောင် ရွက်ရန် ပဲခူးတိုင်းဝန်ကြီးချုပ်မှာကြား

Credit to Popular Journal - လာမည့် မတ် ၂၀ ရက်တွင် အစီအစဥ်(၁၈)ရပ်ဖြင့်ကျင်းပမည့် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ် တော်မိတ်ဆက်ခြင်းအား တိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့ မတ် ၁၆ ရက်နံနက်ပိုင်းကကျင်းပရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတက်ရောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ တက်ရောက်ပြီးနောက် လွှတ်တော်၏တာဝန်များဖြစ်သည့် ဥပဒေပြုခြင်း၊ ပြည်သူလူထုကိုကိုယ်စားပြုခြင်း၊ စောင့်ကြည့်ထိန်းသိမ်းခြင်းတို့ကို အများပြည်သူထိထိရောက်ရောက်အကျိုးခံစားနိုင်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဟုမှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် လွှတ်တော်၏ အဓိကလုပ်ငန်းစဉ်(၃)ရပ်ကိုပြည်သူများ စိတ်ဝင်တစားပူးပေါင်းလာသည်နှင့်အမျှ ပိုမိုအားကောင်းပြီး ထိရောက်သည့်လွှတ်တော်တစ်ရပ်အ ဖြစ်ဖော်ဆောင်နိုင်မည်ဖြစ်၍ ပြည်သူများက ယုံကြည်အားထားမှုရှိသော လွှတ်တော်တစ်ရပ်ဖြစ်ပေါ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ် တော် ကိုယ်စားလှယ်များက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြကြောင်း သိရသည်။ The post တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက်   လွှတ်တော်၏တာဝန်များကို အများပြည်သူထိထိရောက်ရောက်အကျိုးခံစားနိုင်စေရေး ကြိုးပမ်းဆောင် ရွက်ရန် ပဲခူးတိုင်းဝန်ကြီးချုပ်မှာကြား appeared first on Popular .