ပဲခူးတိုင်းဒေသကြီး တတိယအကြိမ် လွှတ်တော်အစည်းအဝေးကို မတ်လ ၂၀ ရက်တွင် စတင်ကျင်းပမည်

Credit to Popular Journal - ပဲခူးတိုင်းဒေသကြီး လွှတ်တော် တတိယအကြိမ် ပထမပုံမှန် အစည်းအ​ဝေးကို မတ်လ ၂၀ ရက်တွင် အစီအစဉ် (၁၈)ရပ်ဖြင့် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် မိတ်ဆက်အခမ်းနားကိုလည်း ယမန်နေ့က တိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းလည်း သိရသည်။ လွှတ်တော် ၏ တာဝန်များဖြစ်သည့် ဥပဒေပြုခြင်း၊ ပြည်သူလူထုကို ကိုယ်စားပြုခြင်း၊ စောင့်ကြည့်ထိန်းသိမ်းခြင်း စသည်တို့ကို ပြည်သူများ ထိထိရောက်ရောက်အကျိုးခံစားနိုင်စေရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကပြောကြားခဲ့သည်။ ပြည်သူတို့ တို့၏ မျှော်လင့်ချက်ကို လွှတ်တော်က ဖော်ဆောင်သည့်အတိုင်း လွှတ်တော်ကိုယ်စားလှယ်များ အားလုံးက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး လွှတ်တော်၏ အဓိကလုပ်ငန်းစဉ် ၃ ရပ်ကိုလည်း ပြည်သူများ စိတ်ဝင်တစားပူးပေါင်းလာသည့်နှင့် အမျှ အားကောင်းပြီး ထိရောက်သည့် လွှတ်တော်တစ်ရပ်အဖြစ် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်းလည်း […] The post ပဲခူးတိုင်းဒေသကြီး တတိယအကြိမ် လွှတ်တော်အစည်းအဝေးကို မတ်လ ၂၀ ရက်တွင် စတင်ကျင်းပမည် appeared first on Popular .