တရားမဝင်ငွေကြေးများကို တရားဝင်ဘဏ် လုပ်ငန်းစနစ်အသုံးချပြီး လွှဲပြောင်း နေရာချထားမှု ဆောင်ရွက်ခြင်းကြောင့် နိုင်ငံစီးပွားရေတည်ငြိမ်မှုတို့ကို ထိခို-က်စေနိုင်

Credit to Popular Journal - တရားမဝင်ငွေကြေးများကို တရားဝင်ဘဏ်လုပ်ငန်းစနစ် အသုံးချပြီး ငွေလွှဲပြောင်းခြင်း နေရာချထားခြင်း ဆောင်ရွက်ခြင်းတို့ကြောင့် နိုင်ငံ၏ စီးပွားရေး တည်ငြိမ်မှု၊ငွေရေးကြေးရေး ကဏ္ဍခိုင်မာမှုနှင့် ရင်းနှီးမြုပ်နှံမှုတို့ကို ထိခိုက်စေနိုင်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်ကပြောသည်။ ထိုကြောင့် ကြီးကြပ်မှုအာဏာပိုင်များနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ အနေဖြင့် ကဏ္ဍ အလိုက် အလေးထားကြီးကြပ်ဆောင်ရွက်ပြီး ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့ကြောင်း သိရသည်။ ယမန်နေ့က ကျင်းပသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံမှု တို-က်ဖျ-က်ရေးဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို-က်ဖျ-က်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ဝန်ကြီးဌာန အောက်ရှိ ဌာနအလိုက်ပိုမိုထိရောက်စွာ ပူးပေါင်းအကောင်ထည်ဖော်ဆောင်ရွက်ရန် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။ သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းမှု၊သတ်မှတ်ပမာဏထက်ကျော်လွန်၍ ငွေကြေးလွှဲပြောင်းမှုများကို စိစစ်ပြီး သတင်းပို့ချက် […] The post တရားမဝင်ငွေကြေးများကို တရားဝင်ဘဏ် လုပ်ငန်းစနစ်အသုံးချပြီး လွှဲပြောင်း နေရာချထားမှု ဆောင်ရွက်ခြင်းကြောင့် နိုင်ငံစီးပွားရေတည်ငြိမ်မှုတို့ကို ထိခို-က်စေနိုင် appeared first on Popular .