နဝဒေးတံတား(ပြည်)၏ တံတားအသုံးပြုခ ကောက်ခံရေးလုပ်ငန်း လုပ်ကိုင်ခွင့်ကို ကြမ်းခင်းစျေးကျပ်သိန်း (၃,၀၀၀)ဖြင့်ရောင်းချမည်

Credit to Popular Journal - နဝဒေးတံတား(ပြည်)၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တံတားအသုံးပြုခကောက်ခံရေးလုပ်ငန်းလုပ် ကိုင်ခွင့်ကို ကြမ်းခင်းစျေးကျပ်သိန်း(၃,၀၀၀)ဖြင့် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း လေလံကြီးကြပ်ရေးအဖွဲ့၊ ပဲခူးမြို့ကအသိပေးခဲ့ကြောင်း သိရသည်။ အဆိုပါ လုပ်ကိုင်ခွင့်ကို နိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်များအား မတ် ၂၄ ရက်နေ့လည် ၁ နာရီတွင် ပဲခူးမြို့ရှိ လမ်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၌ လေလံ တင်ရောင်းချမည်ဖြစ်၍ လေလံတင်သွင်းခွင့်လျှောက်လွှာကို ယင်း ရုံးတွင် မတ် ၁၂ ရက်မှစကာထုတ်နိုင်ကြောင်း သိရသည်။ လေလံတင်သွင်းလွှာများကို မတ် ၁၉ ရက်ညနေ ၄ နာရီနောက်ဆုံးထား၍မှတ်ပုံတင်နိုင်ကာ စိတ်ပါဝင်စားကြေးနှင့် အာမခံကြေးများကိုလည်း မတ် ၂၀ ရက်နေ့လည် ၁ နာရီနောက်ဆုံးထားပေးသွင်းရမည်ဖြစ်ကာ အသေးစိတ်သိရှိလိုပါက လမ်းဦးစီးဌာန၊ ပဲခူးမြို့၏ ဖုန်း ၀၅၂-၂၂၂၄၅၇၂ နှင့် ဝ၉ ၇၅၆၂၂၀၆၂၁ တို့သို့ဆက်သွယ်ခြင်း(သို့) လူကိုယ်တိုင်လာရောက်ခြင်းတို့ဖြင့်မေးမြန်းနိုင်ကြောင်း […] The post နဝဒေးတံတား(ပြည်)၏ တံတားအသုံးပြုခ ကောက်ခံရေးလုပ်ငန်း လုပ်ကိုင်ခွင့်ကို ကြမ်းခင်းစျေးကျပ်သိန်း (၃,၀၀၀)ဖြင့်ရောင်းချမည် appeared first on Popular .