Credit to Popular Journal - နိုင်ငံခြားရေးဝန်ကြီးဌာန စတင်တည်ထောင်ခဲ့သည်မှာ (၇၉)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်၍ ယနေ့ မတ် ၁၇ ရက်နံ နက် ၆ နာရီတွင် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေဦးဆောင်ကာ ဆရာတော်၊ သံဃာတော်များကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရှမ်းစပ်ကုန်း မြောက်ကျောင်းဆရာတော်နှင့် ရတနာမှန်ကျောင်းဆရာတော်တို့အမှူးပြုသော သံဃာတော်(၅)ပါးအား ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တာဝန်ရှိသူများက ဆွမ်းနှင့် လှူ ဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များမှ ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။ The post (၇၉)နှစ်တိုင်ခဲ့ပြီဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန appeared first on Popular .