စစ်တွေမြို့ရှိ နေရပ်စွန့်ခွာနေရသူများ နေထိုင်ရာနေရာများသို့ UNHCR နှင့် WFP အဖွဲ့ သွားရောက်

Credit to Popular Journal - ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ရှိ နေရပ်စွန့်ခွာနေရသူများနေထိုင်ရာနေရာများဆီသို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)နှင့် ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ (WFP) တို့ သွားရောက်ခဲ့ကြောင်း သိရသည်။ ဥရောပသမဂ္ဂ၏ EU Civil Prote ction & Humanitarian Aid အဖွဲ့ နှင့်အတူ လိုက်ပါသွားရောက်ခဲ့ခြင်းဖြစ်ပြီး နေရပ်စွန့်ခွာနေရသောမိသားစုများ နေ့စဉ်ရင်ဆိုင်နေရသည့် လက် တွေ့ဘဝ အခြေအနေများကို မျက်မြင်ကိုယ်တွေ့ သိရှိခွင့်ရစေရန်၊ ပူးပေါင်းဆောင်ရွက်နေသောအဖွဲ့များနှင့် မြေပြင်ရှိအဖွဲ့များအကြား အမြင်ချင်းဖလှယ်ရန် ၊ ညှိနှိုင်းဆောင်ရွက်မှုများ အားကောင်းလာစေရန်နှင့် အရေးပါသောအကူအညီများကို လိုအပ်နေသူများထံ ဆက်လက်ရောက်ရှိစေရေးအတွက် သွားရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ အရေးပေါ် လိုအပ်ချက်များကို ထောက်ပံ့ရန် ရန်ကုန်မှ ပို့ဆောင်ထားသော အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများ စစ်တွေမြို့သို့ ရောက်ရှိပြီးဖြစ်ကာ ပစ္စည်းများအားလုံး ဖြန့်ဝေရန် […] The post စစ်တွေမြို့ရှိ နေရပ်စွန့်ခွာနေရသူများ နေထိုင်ရာနေရာများသို့ UNHCR နှင့် WFP အဖွဲ့ သွားရောက် appeared first on Popular .