စစ်ပွဲကြောင့် ရှီနှင့် ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းဖို့လုပ်နေ–ထရမ့်ပ်

Credit to Popular Journal - အမေရိက-အစ္စရေးနှင့် အီရန်စစ်ပွဲကြောင့် ဧပြီလအစောပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို တစ်လခန့် ရွှေ့ဆိုင်းထားနိုင်ရန် ကြိုးပမ်းနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့သည်။ “တစ်လ ဒါမှမဟုတ် ဒီထက်ပို ရွှေ့ဆိုင်းထားဖို့ ငါတို့ တောင်းဆိုထားပါတယ်” ဟု တနင်္လာနေ့က အိမ်ဖြူတော်တွင် သတင်းထောက်များကို ထရမ့်ပ်က ပြေကြားခဲ့သည်။ “ဒါက လှည့်ကွက်မရှိပါဘူး၊ အရမ်းရိုးရှင်းပါတယ်။ ငါတို့ စစ်ပွဲဆက်ဖြစ်နေတယ်။ ငါတို့ ဒီမှာရှိနေဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးကို မှတ်ချက်ပေးရန် တောင်းဆိုခဲ့သော်လည်း လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိသေးပေ။ မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်အထိ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် စီစဉ်ထားသည့် ခရီးစဉ်ကို […] The post စစ်ပွဲကြောင့် ရှီနှင့် ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းဖို့လုပ်နေ–ထရမ့်ပ် appeared first on Popular .