ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးပိတ်ရက်အဖြစ် သီရိလင်္ကာနိုင်ငံကြေညာ

Credit to Popular Journal - အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာနိုင်သည့် လောင်စာဆီပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းရန် အာရှနိုင်ငံများက ကြိုးပမ်းနေကြစဉ် သီရိလင်္ကာနိုင်ငံသည် လောင်စာဆီချွေတာရန်အတွက် အစိုးရဌာနများအားလုံးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးပိတ်ရက်အဖြစ် ကြေညာလိုက်ကြောင်း သိရသည်။ “ကျွန်တော်တို့အနေနဲ့ အဆိုးဆုံးအတွက် ပြင်ဆင်ထားရမှာဖြစ်ပေမဲ့ အကောင်းဆုံးဖြစ်လာဖို့တော့ မျှော်လင့်ရမှာပါ” ဟု သမ္မတ အနူရာ ကုမာရ ဒီသာနေယကက တနင်္လာနေ့တွင် ပြုလုပ်သည့် အဆင့်မြင့်အရာရှိကြီးများနှင့် အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ ယခုလုပ်ရပ်သည် အရှေ့အလယ်ပိုင်းမှ ဒေသတွင်းသို့ ရေနံစည်ပေါင်းသန်းချီ တင်ပို့နေသည့် ဟော်မုဇ်ရေလက်ကြားကို စစ်ပွဲကြောင့် ပိတ်ဆို့ခံထားရပြီးနောက်ပိုင်း အာရှနိုင်ငံများက လုပ်ဆောင်လာသည့် ဆက်တိုက်ဆိုသလို ခြိုးခြံချွေတာရေး အစီအစဉ်များထဲမှ နောက်ဆုံးပေါ်ထွက်လာသည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က အဆိုပါ ရေလက်ကြားမှတစ်ဆင့် စီးဆင်းခဲ့သော ရေနံနှင့် သဘာဝဓာတ်ငွေ့ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းနီးပါးမှာ ကမ္ဘာ့ရေနံအများဆုံး […] The post ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးပိတ်ရက်အဖြစ် သီရိလင်္ကာနိုင်ငံကြေညာ appeared first on Popular .