Credit to Popular Journal - အီရန်စစ်ပွဲကြောင့် တရုတ်နှင့် ထိုင်းနိုင်ငံတို့က လေယာဉ်ဆီတင်ပို့မှုကို ရပ်ဆိုင်းလိုက်ပြီးနောက် လာမည့် ဧပြီလမှစတင်၍ လေကြောင်းခရီးစဉ်များ လျော့နည်းသွားနိုင်ခြေရှိသဖြင့် ကြိုတင်ပြင်ဆင်ထားရန် ဗီယက်နမ်အာဏာပိုင်များက နိုင်ငံ၏ လေကြောင်းကဏ္ဍကို သတိပေးလိုက်ကြောင်း သိရသည်။ ဗီယက်နမ်သည် ၎င်း၏လေယာဉ်ဆီလိုအပ်ချက် သုံးပုံနှစ်ပုံကျော်ကို ပြည်ပမှတင်သွင်းနေရပြီး ထိုတင်သွင်းမှု၏ ၆၀ ရာခိုင်နှုန်းမှာ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှဖြစ်ကြောင်း သိရသည်။ “ဧပြီလအစောပိုင်းနဲ့ နောက်ပိုင်းလတွေမှာ ဗီယက်နမ်လေကြောင်းလိုင်းတွေအတွက် လေယာဉ်ဆီပြတ်လပ်မှု ဖြစ်နိုင်ခြေရှိပါတယ်” ဟု ဗီယက်နမ် လေကြောင်းဦးစီးဌာနက ပို့ဆောင်ရေးဝန်ကြီးဌာနသို့ မတ်လ ၉ ရက်နေ့က ပေးပို့သည့် စာတွင် ဖော်ပြထားပါသည်။ လေကြောင်းလိုင်းများအနေဖြင့် ၎င်းတို့၏ ခရီးစဉ်ပျံသန်းမှု အစီအစဉ်များ၊ အထူးသဖြင့် ပြည်တွင်းခရီးစဉ်များကို ပြန်လည်သုံးသပ်သင့်ကြောင်းနှင့် လေဆိပ်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ဗီယက်နမ်လေယာဉ်များ ရပ်နားရန် အပိုနေရာများ ကို ပြင်ဆင်ထားရန် ညွှန်ကြားထားသည်။ ထို့အပြင် […] The post ဧပြီလမှစတင်၍ လေကြောင်းခရီးစဉ်များ လျော့နည်းသွားနိုင် appeared first on Popular .