Credit to Popular Journal - အီရန်စစ်ပွဲကြောင့်စွမ်းအင်ဈေးကွက်များ အနှောင့်အယှက်ဖြစ်ရမှုသည် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာအပေါ် မှီခိုအားထားမှု၏ အန္တရာယ်များတွင် အလွန်ဆိုးရွားသော သင်ခန်းစာတစ်ခုဖြစ်ပြီး အစိုးရများအနေဖြင့် ၎င်းတို့၏ စီးပွားရေးတွင် ရေနံ၊ ဓာတ်ငွေ့အပေါ် မှီခိုအားထားနေမှုကို လျှော့ချရမည်ဆိုသည်ကို အလေးအနက်ဖော်ပြနေကြောင်း ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ အတွင်းရေးမှူးက အီးယူမူဝါဒချမှတ်သူများကို ယနေ့တွင် ပြောကြားမည်ဖြစ်သည်။ ပထဝီအနေအထားအရ အရှေ့အလယ်ပိုင်းရှိ အကျပ်အတည်းနှင့် ဝေးကွာနေသော်လည်း ကမ္ဘာတစ်ဝန်း စွမ်းအင်ဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် အနှောင့်အယှက်ကို ကြုံခဲ့ရသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စတင်ခဲ့သော စစ်ပွဲအတွင်း ဥရောပဓာတ်ငွေ့ဈေးနှုန်းများသည် ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ကျောက်ဖြစ် ရုပ်ကြွင်းလောင်စာအပေါ် မှီခိုအားထားမှုသည် နိုင်ငံတော်လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ထိခိုက်စေပြီး စရိတ်စကများကို မြင့်တက်စေသည်ဟု ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအဖွဲ့ UNFCCC ၏ အမှုဆောင်အတွင်းရေးမှူး ဆိုင်မွန်စတီယဲလ်က ဘရပ်ဆဲလ်တွင် ကျင်းပမည့် ပွဲအခမ်းအနားတစ်ခုတွင် […] The post ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာကိုမှီခိုမှုအတွက်သင်ခန်းစာရ–ကုလ appeared first on Popular .