ကဘူးလ်ဆေးရုံမှာ လူ ၄၀၀ ထက်မနည်း ‌ေ-သဆုံးကြောင်း အာဖဂန် ပြော

Credit to Popular Journal - အာဖဂန်နစ္စတန်မြို့တော်ရှိ မူးယစ်ဆေးစွဲသူများကုသရေး ဆေးရုံတစ်ခုကို တနင်္လာနေ့တွင် ပါကစ္စတန်က လေကြောင်းမှတိုက်ခိုက် သဖြင့် လူ ၄၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အာဖဂန်က စွပ်စွဲခဲ့သည်။ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများအပြင် အာဖဂန်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်ဖြစ်ခဲ့သည့် ပြီးခဲ့သည့်လတွင် စတင်ခဲ့သော ပဋိပက္ခသည် သိသိသာသာအရှိန်မြင့်လာသည်ကို ယခုဖြစ်ရပ်က မြင်သာစေသည်။ အပစ်အခတ်ရပ်စဲရန် နိုင်ငံတကာ၏ တောင်းဆိုမှုများသည်လည်း လျစ်လျူရှုခံခဲ့ရသည်။ ပါကစ္စတန်ဘက်ကမူ ဆေးရုံကို ထိမှန်ခဲ့သည်ဟူသော စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး အာဖဂန်အရှေ့ပိုင်းနယ်မြေများတွင်လည်း ပြုလုပ်ခဲ့သော ၎င်း၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်ဖက်ပစ်မှတ်များကို ထိမှန်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုသည် ဒေသစံတော်ချိန် ည ၉ နာရီခန့်တွင် ဆေးရုံကို ထိမှန်ခဲ့ပြီး ကုတင် ၂,၀၀၀ ဆန့်ဆေးရုံ၏ အစိတ်အပိုင်းများစွာကို ပျက်စီးစေခဲ့ကြောင်း အာဖဂန်အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဟမ်ဒူလာ […] The post ကဘူးလ်ဆေးရုံမှာ လူ ၄၀၀ ထက်မနည်း ‌ေ-သဆုံးကြောင်း အာဖဂန် ပြော appeared first on Popular .