မြစ်ကြီးနားလေဆိပ် မနက်ဖြန် ပြန်လည်ဖွင့်လှစ်မည်

Credit to Popular Journal - ဒရုန်းကျရောက်ပေါက်ကွဲမှုကြောင့် ယာယီပိတ်ထားခဲ့ရသည့် မြစ်ကြီးနားလေဆိပ်ကို မနက်ဖြန် (မတ်လ ၁၈ ရက်) နေ့မှစတင်ကာ ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။ လေဆိပ်ကို ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုချက်ရရှိထားသော်လည်း လေယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲမည့် အစီအစဉ်ကိုမူ အတိအကျ မသိရသေးဘဲ လက်ရှိတွင် လေဆိပ်ကိုသာ ဖွင့်လှစ်ခွင့်ပေးထားခြင်းဖြစ်ကြောင်း လေယာဉ်လက်မှတ်ရောင်းသူတစ်ဦးကလည်း ပေါ်ပြူလာကိုပြောသည်။ ထို့အတူ “18.3.2026 မှစတင်၍ မြစ်ကြီးနားလေဆိပ် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါသည်” ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ သို့သော်လည်း လေယာဉ်ပြေးဆွဲမည်၊ မပြေးဆွဲမည်ကို မသိရသေးသော်လည်း လေဆိပ်ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်ဟု ဆိုထားသည်။ ဖေဖော်ဝါရီ ၂၀ ရက်၊ ည ပိုင်းက FPV အသေခံဒရုန်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ထွက်ခွာရန်အတွက် ခရီးသည်များတင်ဆောင်ပြီး ပြန်လည်ထွက်ခွာမည့် […] The post မြစ်ကြီးနားလေဆိပ် မနက်ဖြန် ပြန်လည်ဖွင့်လှစ်မည် appeared first on Popular .