Credit to Popular Journal - ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မင်္ဂလာစျေးသစ်စျေးအပါအဝင် စျေးကြီး(၄)စျေးတွင် မီးဘေးလုံ ခြုံရေးအတွက်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ မတ် ၁၇ ရက်နံနက် ၉ နာရီကပြုလုပ်ခဲ့ကြကြောင်း သိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ စက် ရုံလမ်းနှင့် ဗညားဒလလမ်းထောင့်ရှိ မင်္ဂလာစျေးသစ်စျေး၊ မင်္ဂလာမွန်ဈေး၊ ရွှေမင်္ဂလာဈေးနှင့် ရွှေပြည့်စုံဈေးတို့တွင် မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဈေးတာဝန်ခံများနှင့် ဝန်ထမ်းများ၊ စျေးသူ/စျေးသားများအား မီးဘေးကြိုတင်ကာ ကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေး ဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းတို့ကို ဇာတ် တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။ The post မင်္ဂလာစျေးသစ်စျေးအပါအဝင် စျေးကြီး(၄)စျေးတွင် မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့် appeared first on Popular .