ရန်ကုန်တိုင်းအတွင်း G3G Application ဖြင့် စားသုံးဆီဝယ်ယူနိုင်ပြီ

Credit to Popular Journal - ရန်ကုန်တိုင်းအတွင်းရှိ မှတ်ပုံတင်ကိုင်ဆောင်ထားသူတိုင်း G3G Application ကိုအသုံးပြု၍ စားသုံးဆီများအား Door-to-Door စနစ်ဖြင့်အလွယ်တကူဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ G3G Application ဖြင့် ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များသို့စားသုံးဆီတရားဝင်ဖြန့်ဖြူးရေးအတွက် မတ် ၁၆ ရက်နံနက်ပိုင်းက UMFCCI ၌မိတ်ဆက်ရာ  G3G Application ၏ Head Of IT ဦးစွမ်းထက်အောင်က G3G Application အကြောင်းအားရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ G3G Application ကို မှတ်ပုံတင်ကိုင်ဆောင်ထားသူမည်သူမဆိုအသုံးပြုနိုင်ပြီး Digital နည်းပညာအသုံးပြု၍ မြန်မာ MSME ထုတ်ကုန်များကို Local နှင့် Global အသုံးပြုသူများနှင့်ချိတ်ဆက်ပေးခြင်းဖြင့် စီး ပွားရေးတိုးတက်မှုကိုအားပေးမြှင့်တင်ရန်တီထွင်ထုတ် လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ The post ရန်ကုန်တိုင်းအတွင်း G3G Application ဖြင့် စားသုံးဆီဝယ်ယူနိုင်ပြီ appeared first on Popular .