Credit to Popular Journal - ပူပြင်းသည်ရာသီရောက်ရှိလာချိန်၌ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမြင့်တက်လာသဖြင့် ထိန်းညှိခြင်းများပြုလုပ်နိုင်ရန် မနက်ဖြန် မတ် ၁၈ ရက်မှစတင်၍ ဓာတ်အားထုတ် လုပ်နိုင်မှုနှင့်ချိန်ညှိကာ အချို့နေရာ၊ အချိန်များတွင် ဝန်အားမျှတခွဲဝေဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း လျှပ် စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။ နွေရာသီဖြစ်သည့် မတ်လမှ ဇွန်လအထိ စဥ်ဆက်မပြတ်မျှတစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နှင့် လက်ရှိအချိန်တွင် ရာသီဥတုပူပြင်းမှုကြောင့် ဝန်အားသုံးစွဲမှုမြင့်တက်လာခြင်းကို ထိန်းသိမ်းနိုင်ရန်အတွက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။ ထို့သို့ ခွဲဝေဖြန့်ဖြူးမည်ဖြစ်သော်လည်း သဘာဝဓာတ် ငွေ့ရည် LNG သုံး ဓာတ်အားပေးစက်ရုံများမှထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကိုတိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးသည့် ဓာတ်အားလိုင်းများကိုမူ ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်းမပြုလုပ်ဘဲ စဥ်ဆက်မပြန်ဆက် လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် လျှပ်စစ်ဓာတ်အားထြတ်လုပ်လျော့နည်းခြင်းအရ ဝန်အားမျှတခွဲဝေဖြန့်ဖြူးရခြင်းကို နားလည်ခွင့်လွှတ်ပေးရန်နှင့် လျှပ်စစ်ဓာတ်အားကိုစနစ်တကျချွေတာသုံးစွဲပေးကြပါရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။ The post မနက်ဖြန် မတ် ၁၈ ရက်မှစတင်၍ အချိန်ပိုင်းဖြင့် လျှပ်စစ်ဓာတ်အားပြန်လည်ဖြန့်ဖြူးမည် appeared first on Popular .