ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံး ဒရုန်းများ၊ ဒုံးများဖြင့် အပ-စ်ခံရကြောင်း လုံခြုံရေးသတင်းရင်းမြစ်များ ပြောကြား

Credit to Popular Journal - အင်္ဂါနေ့ အစောပိုင်းက ဘဂ္ဂဒက်မြို့ပတ်ဝန်းကျင် နေရာအသီးသီးမှနေ၍ အမေရိကန်သံရုံးသို့ ဒုံးများနှင့် အနည်းဆုံး ဒရုန်း ၅ စင်းဖြင့် ပ-စ်ခတ်တို-က်ခိုက်ခဲ့ကြောင်း အီရတ်လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ဤတို-က်ခိုက်မှုသည် အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲစတင်ကတည်းက အပြင်းထန်ဆုံး တို-က်ခိုက်မှုဖြစ်ကြောင်း ဖော်ပြထားသည်။ ဒရုန်းအနည်းဆုံး ၃ စင်းသည် သံရုံးဘက်သို့ ဦးတည်ပျံသန်းလာသည်ကို Reuters သတင်းထောက်တစ်ဦးက မြင်တွေ့ခဲ့ရသည်။ C-RAM လေကြောင်းရန်ကာကွယ်ရေးစနစ်က ၎င်းတို့အနက် ၂ စင်းကို ပ-စ်ချနိုင်ခဲ့သော်လည်း တတိယတစ်စင်းမှာ သံရုန်းဝင်းအတွင်းသို့ ကျရောက်ပေ-ါက်ကွဲခဲ့ပြီး မီးခိုးများနှင့် မီးတောက်များ ထွက်ပေါ်လာသည်ကိုတွေ့ရကြောင်း ၎င်းသတင်းထောက်က ဆိုသည်။ အီရတ်မြို့တော်တွင် ပေ-ါက်ကွဲသံတစ်ခု ကြားခဲ့ရကြောင်း အခြား Reuters သတင်းထောက်တစ်ဦးကလည်း ပြောသည်။ မှတ်ချက်ပေးရန် Reuters က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် အမေရိကန်သံရုံး၏ […] The post ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံး ဒရုန်းများ၊ ဒုံးများဖြင့် အပ-စ်ခံရကြောင်း လုံခြုံရေးသတင်းရင်းမြစ်များ ပြောကြား appeared first on Popular .