အမျိုးသားလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ

Credit to Popular Journal - တတိယအကြိမ် အမျိုးသားလွှတ်တော်၏ ပထမ ပုံမှန်အစည်းအဝေးကို ယနေ့ မတ်လ (၁၈) ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အဆောက်အအုံ၌ စတင်ကျင်းပနေပြီ ဖြစ်သည်။ အမျိုးသားလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ပုံရိပ်များဖြစ်ပါသည်။ အမျိုသားလွှတ်‌တော် အစည်းအဝေး ပထမနေ့တွင် သဘာပတိရွေးချယ်တင်မြှောက်ကာ သဘာပတိက နှုတ်ခွန်းဆက်စကားပြောကြားမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုကြရမည်ဖြစ်သည်။ ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ကို ရွေးချယ်တင်မြှောက်ကြပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့က သဘာပတိ၏ရှေ့တွင် ကတိသစ္စာပြုပြီး သဘာပတိက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအား တာဝန်လွှဲအပ်သွားမည်ဖြစ်သည်။ ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားကာ အစည်းအဝေး ပထမနေ့ကို ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။ The post အမျိုးသားလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ appeared first on Popular .