မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၇ နိုင်ငံနှင့် သံတမန် အဆက်အသွယ်ထူထောင်ထားပြီး ပြည်ပနိုင်ငံများ၌ သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး ၅၂ ရုံး ဖွင့်လှစ်ကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Credit to Popular Journal - မြန်မာ့သံတမန်ရေးရာ သမိုင်းကြောင်းသည် နှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းရှိခဲ့ပြီး ခေတ်အဆက်ဆက်တွင် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက်ကျင့်သုံးခဲ့ကြောင်း၊ လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၇ နိုင်ငံနှင့် သံတမန် အဆက်အသွယ်ထူထောင်ထားပြီး ပြည်ပနိုင်ငံများ၌ သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး ၅၂ ရုံး ဖွင့်လှစ်ကာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီဂဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောသည်။ ယမန်နေ့က ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၉)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းသည့် အထိမ်းအမှတ်အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထိတွေ့ဆက်ဆံရေးနှင့် သဟဇာတဖြစ်ရေးကို အလေးထားသည့် သံတမန်နည်းလမ်း (Engagement and Harmony Oriented Diplomacy) ကို ကျင့်သုံးလျက်ရှိရာ ပြီးခဲ့သည့် […] The post မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၇ နိုင်ငံနှင့် သံတမန် အဆက်အသွယ်ထူထောင်ထားပြီး ပြည်ပနိုင်ငံများ၌ သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး ၅၂ ရုံး ဖွင့်လှစ်ကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ appeared first on Popular .