လယ်ယာမြေ အမှုတွဲများ စိစစ်ဆုံးဖြတ်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဘက်လိုက်မှုမရှိဘဲ တိကျမှန်စွာ ဆောင်ရွက်ရန်လိုအပ်

Credit to Popular Journal - လယ်ယာမြေအမှုတွဲများ စိစစ်ဆုံးဖြတ်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုပြီး လယ်ယာမြေအမှုတွဲများနှင့် ပတ်သက်၍ ဆုံးဖြတ်ဆောင်ရွက်ရာတွင်ဘက်လိုက်မှုမရှိဘဲ တိကျမှန်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ပြောကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆) ကို မတ် ၁၇ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လယ်ယာမြေစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အမှုတွဲများတင်ပြရာတွင် ပြီးပြည့်စုံအောင်ဆောင်ရွက်တင်ပြရန်လိုအပ်မည်ဖြစ်ကြောင်းနှင့် အမှုတွဲများ၏ သမိုင်းဇစ်မြစ်များကို သေချာလေ့လာတင်ပြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း ပြောသည်။ ထို့ပြင် ရှင်းလင်းတင်ပြမည့်အမှုတွဲများကို အချက်အလက်များ ပြည့်ပြည့်စုံစုံ အချိတ်အဆက်မိမိဖြင့် ရှင်းလင်း တင်ပြရန်နှင့် အမှုတွဲများစိစစ်ဆုံးဖြတ်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ […] The post လယ်ယာမြေ အမှုတွဲများ စိစစ်ဆုံးဖြတ်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဘက်လိုက်မှုမရှိဘဲ တိကျမှန်စွာ ဆောင်ရွက်ရန်လိုအပ် appeared first on Popular .