ပလပ်စတစ်စေ့များနှင့် ဓာတ်မြေသြဇာများ သယ်ခွင့်ပေးလျှင် အီရန်ကို စားသောက်ကုန်များတင်ပို့ပေးမည်–ထိုင်း

Credit to Popular Journal - ထိုင်းနိုင်ငံသည် အီရန်နှင့် အခြားအရှေ့အလယ်ပိုင်းနိုင်ငံများသို့ အစားအစာနှင့် ကုန်ကြမ်းများတင်ပို့၍ အပြန်အလှန်အားဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသမှ ပလပ်စတစ်စေ့များနှင့် ဓာတ်မြေသြဇာများကို ဘေးကင်းစွာပြန်လည်သယ်ဆောင်ခွင့်ရရန် ကြိုးပမ်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောကြားလိုက်သည်။ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍသည် ထုတ်ပိုးပစ္စည်းထုတ်လုပ်ရာတွင် အသုံးပြုသော ပလပ်စတစ်စေ့များရရှိရေးအတွက် ရွေးချယ်စရာနည်းလမ်းများကို ရှာဖွေနေကြောင်း စီးပွားကူးသန်းဝန်ကြီး ဆူဖာဂျီး ဆူထမ်ပန်းက အင်္ဂါနေ့တွင် အစိုးရအိမ်တော်၌ ပြောကြားခဲ့သည်။ လက်ရှိတွင် ပလပ်စတစ်စေ့များ အဓိကရရှိရာ အရင်းအမြစ်သည် အရှေ့အလယ်ပိုင်းဖြစ်ပြီး ထိုကုန်စည်များကို ဟော်မုဇ်ရေလက်ကြားမှတဆင့် ထိုင်းသင်္ဘောများအား သယ်ဆောင်ခွင့်ပြုရန် အီရန်ကို စည်းရုံးပေးရေး နိုင်ငံခြားရေးဝန်ကြီးဌာနကို တောင်းဆိုထားသည်ဟု ဆိုသည်။ အဆိုပါကုန်စည်များသည် အန္တရာယ်ရှိကုန်စည်မဟုတ်သော်လည်း မရှိမဖြစ်လိုအပ်သော ကုန်စည်မျိုးဖြစ်သည်။ “အီရန်က အဖြေတော့ မပေးသေးပါဘူး။ လက်ရှိ ထိုင်းနိုင်ငံမှာရှိနေတဲ့ ပလပ်စတစ်စေ့ပမာဏက ဧပြီလကုန်လောက်မှာ ကုန်တော့မှာပါ” ဟု သူက […] The post ပလပ်စတစ်စေ့များနှင့် ဓာတ်မြေသြဇာများ သယ်ခွင့်ပေးလျှင် အီရန်ကို စားသောက်ကုန်များတင်ပို့ပေးမည်–ထိုင်း appeared first on Popular .