ရှေ့လတွင် ကမ္ဘောဒီးယားနှင့်နယ်စပ်၌ ထိုင်းက ခြံစည်းရိုး စတင်ခတ်မည်

Credit to Popular Journal - ကာလကြာရှည်တင်းမာမှုများဖြစ်ပွါးပြီးနောက်ပိုင်း၊ တဖန် နှစ်နိုင်ငံအကြား လူအ‌ေ-သအပျေ-ာက်ရှိသော တို-က်ခိုက်မှုများပေါ်ပေါက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသည် လုံခြုံရေးကိုမြှင့်တင်ရန်အတွက် လာမည့်လတွင် ကမ္ဘောဒီးယားနှင့် နယ်စပ်တလျှောက်အစိတ်အပိုင်းအချို့တွင် ခြံစည်းရိုးများ စတင်တည်ဆောက်သွားမည် ဖြစ်သည်။ ပထမဆုံးအတားအဆီးသည် ချန်ထဘူရီပြည်နယ် ပေါင်နမ်ရွန်ခရိုင်ရှိ ၁ ဒဿမ ၃ ကီလိုမီတာရှိနယ်မြေပါဝင်မည်ဖြစ်ကြောင်း ထိုင်းဘုရင့်တပ်မတော်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဗီထိုင်း လိုင်သွန်မယာက ပြောကြားခဲ့သည်။ နှစ်နိုင်ငံအကြား ၈၀၀ ကီလိုမီတာနီးပါးရှိနယ်စပ်၏ အစိတ်အပိုင်းငယ်တစ်ခုဖြစ်သည့် ထိုနေရာကို ခြံစည်းရိုးခတ်ခြင်းသည် နယ်မြေအငြင်းပွားတွင် မပါဝင်ဘဲ ကမ္ဘောဒီးယားဘက်က အတည်ပြုချက်ရရှိထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ “ဤနယ်စပ်ခြံစည်းရိုးတည်ဆောက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ နံရံတစ်ခုတည်ဆောက်ခြင်းသာမက နယ်စပ်တလျှောက်နေထိုင်သူများအတွက် စိတ်ငြိမ်းချမ်းမှုကို ပေးစွမ်းခြင်းလည်းဖြစ်သည်” ဟု သတင်းထုတ်ပြန်ချက်တွင် ဗိုလ်ချုပ် ဗီထိုင်းက ပြောကြားခဲ့သည်။ ခြံစည်းရိုးများတည်ဆောက်ရန် ရက်ပေါင်း ၄၅ ရက်ကြာမြင့်မည်ဟု ၎င်းက ပြောသည်။ […] The post ရှေ့လတွင် ကမ္ဘောဒီးယားနှင့်နယ်စပ်၌ ထိုင်းက ခြံစည်းရိုး စတင်ခတ်မည် appeared first on Popular .