လုံခြုံရေးအကြီးအကဲ‌ေ-သဆုံးကြောင်း အီရန်အတည်ပြု

Credit to Popular Journal - အီရန်နိုင်ငံ၏ သြဇာကြီးမားသော နိုင်ငံတော်လုံခြုံရေးအကြီးအကဲ အလီ လာရီဂျာနီ သည် လေကြောင်းတို-က်ခိုက်မှုတွင် ‌ေ-သဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးက ပြောကြားခဲ့ပြီး နောက် အီရန်က အင်္ဂါနေ့၌ အတည်ပြု သတင်းထုတ်ပြန်လိုက်သည်။ တစ်ချိန်တည်းမှာပင် အီရန်၏ အဆင့်မြင့်ခေါင်းဆောင်သစ် မိုဂျတာဘာ ခါမေနီ ကိုလည်း လိုက်လံရှာဖွေပြီး “အမြစ်ပြတ်ချေမှုန်းသွားမည်” ဟု အစ္စရေးက ကတိပြုခဲ့သည်။ အလီ လာရီဂျာနီ ‌ေ-သဆုံးမှုသည် အီရန်အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်သည်။ လွန်ခဲ့သော သုံးပတ်ခန့်က အရှေ့အလယ်ပိုင်းစစ်ပွဲကို စတင်စေခဲ့သည့် အမေရိက-အစ္စရေးတို့၏ တို-က်ခိုက်မှုအတွင်း အီရန်ခေါင်းဆောင်ဟောင်း အာယတိုလာ အလီခါမေနီ ‌ေ-သဆုံးခဲ့ရပြီးနောက် ယခုကဲ့သို့ ထပ်မံဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ အဆိုပါ လုပ်ကြံမှုသည် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောသွားလာမှုများသည် စစ်မဖြစ်မီကကဲ့သို့ ပုံမှန်အခြေအနေသို့ ပြန်ရောက်လိမ့်မည်မဟုတ်ကြောင်း အီရန်လွှတ်တော်ဥက္ကဋ္ဌက ကြုံးဝါးနေချိန်နှင့် ပိ-တ်ဆို့ခံထားရသော ရေလမ်းကြောင်းမှတစ်ဆင့် […] The post လုံခြုံရေးအကြီးအကဲ‌ေ-သဆုံးကြောင်း အီရန်အတည်ပြု appeared first on Popular .