ရေလက်ကြားအနီးအီရန်ဒုံးကျည်စခန်းများကိုယူအက်စ်က ဗုံးကြဲတို-က်ခိုက်

Credit to Popular Journal - ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်ကမ်းရိုးတန်းတစ်လျှောက်မှ ဒုံးကျည်စခန်းများကို အမေရိကန်တပ်ဖွဲ့များက တို-က်ခိုက်ခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (စန့်ကွန်) က အင်္ဂါနေ့တွင် လူမှုကွန်ရက် အိတ်စ် မှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။ “လွန်ခဲ့တဲ့ နာရီပိုင်းက အမေရိကန်တပ်ဖွဲ့တွေဟာ ဟော်မုဇ်ရေလက်ကြားအနီး အီရန်ကမ်းရိုးတန်းတစ်လျှောက်က ခိုင်ခံ့အောင် တည်ဆောက်ထားတဲ့ အီရန်ဒုံးကျည်စခန်းတွေကို ပေါင် ၅,၀၀၀ ရှိတဲ့ မြေအောက်ထိုးဖေ-ာက်ဗုံး အများအပြား အသုံးပြုပြီး အောင်မြင်စွာ တို-က်ခိုက်နိုင်ခဲ့ပါတယ်” ဟု စစ်ဌာနချုပ်က ဆိုသည်။ “အဆိုပါစခန်းတွေမှာရှိတဲ့ အီရန်ရဲ့ သင်္ဘောဖျ-က် ခရုဇ်ဒုံးကျည် တွေဟာ ရေလက်ကြားအတွင်းက နိုင်ငံတကာ သင်္ဘောသွားလာရေးအတွက် ခြိမ်းခြောက်မှုဖြစ်နေပါတယ်” ဟု ၎င်း သတင်းတွင် ဆက်လက် ဖေါ်ပြထားသည်။ အင်္ဂါနေ့အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကအနေဖြင့် ရက်သတ္တ သုံးပတ်မြောက်ထဲသို့ ရောက်ရှိလာပြီဖြစ်သော […] The post ရေလက်ကြားအနီးအီရန်ဒုံးကျည်စခန်းများကိုယူအက်စ်က ဗုံးကြဲတို-က်ခိုက် appeared first on Popular .