ဧရာဝတီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်မှု လုပ်ငန်း( ၃၅) ခုရှိပြီး လူဦးရေ ၁၀၀၀၀ ကျော် အား အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ခဲ့

Credit to Popular Journal - ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ခွင့်ပြုမိန့် ထုတ်ပေးခဲ့သော တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စုစုပေါင်း (၃၅)ခုရှိပြီး နိင်ငံခြားရင်းနှီးမြုပ်နှံမှု (၁၁)ခုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု (၂၄) ဖြစ်ကြောင်းနှင့်လူဦးရေ ၁၀၀၀၀ ကျော် အား အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးကို မတ်လ ၁၇ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အခြေခံသည့် တိုင်းဒေသကြီး ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ဆန်စပါးနှင့် ပတ်သက်သည့်လုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများကို အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသို့ လာရောက်ခွင့်ပြုမိန့်တောင်းခံသည့် လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု၊ တင်ပို့နိုင်မှုအခြေအနေနှင့် အခက်အခဲများကို တင်ပြပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ […] The post ဧရာဝတီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်မှု လုပ်ငန်း( ၃၅) ခုရှိပြီး လူဦးရေ ၁၀၀၀၀ ကျော် အား အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ခဲ့ appeared first on Popular .