ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် ‌ေ-သဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက် ဘတ် ၉၂၀,၀၀၀ အာမခံကြေးပေးအပ်

Credit to Popular Journal - ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ယာဉ်မတော်တဆမှုကြောင့် ‌ေ-သဆုံးခဲ့သည့် မြန်မာနိုင်ငံသား ဦးမင်းမင်းထွန်းအတွက် ထိုင်းအစိုးရလူမှုဖူလုံရေးဌာနမှ ရရှိသည့်အာမခံကြေးငွေ ဘတ် ၉၂၀,၀၀၀ ကိုပေး အပ်ခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးထံက သိရသည်။ အဆိုပါ အာမခံကြေး‌ငွေအား ‌ေ-သဆုံးသူ၏ မိခင်ဖြစ်သူထံသို့ ယနေ့ မတ်လ (၁၈)ရက်၌ ဗန်ကောက်မြို့၊ အလုပ်သမားသံအရာရှိရုံးတွင် ပေးအပ်ခဲ့ခြင်းလည်းဖြစ်သည်။ ‌ေ-သဆုံးသူ မြန်မာနိုင်ငံသား ဦးမင်းမင်းထွန်းသည် ပြီးခဲ့သည့် ဇန်နဝါရီ (၂၄)ရက်က ဗန်ကောက်မြို့တွင် ယာဉ်မတော်တဆမှုကြောင့်  ကွယ်လွန်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ The post ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် ‌ေ-သဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက် ဘတ် ၉၂၀,၀၀၀ အာမခံကြေးပေးအပ် appeared first on Popular .