ဖရူဆိုမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ ချောင်းအတွင်းရေခပ်ဆင်းလာသည့် စစ်သားများကို တိုက်ခိုက်မှုု ၅ ဦးသေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၁၈ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ နန်းဖဲကျေးရွာအနီး ချောင်းအတွင်းရေခပ်ဆင်းလာသည့် စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီတော် လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ မတ်လ ၁၆ ရက်နေ့ ဖရူဆိုမြို့နယ်၊ နန်းဖဲကျေးရွာအနီးသို့ ရောက်ရှိလာသော စစ်တပ် စစ်ကြောင်း မှ ချောင်းအတွင်း ရေခပ်ဆင်းလာသည့် စစ်ကော်မရှင်တပ်သားများကို ကရင်နီတော်လှန်ရေး တပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ် ရာရရှိသူများလည်းရှိကာ လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ “နန်းဖဲကျေးရွာနားက ချောင်းထဲမှာဖြစ်တာ။ သေတာကတော့ လက်နက် ၅ လက်ရတယ်ဆိုတော့ ၅ ယောက်ထက်တော့ မနည်းဘူး။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း […] The post ဖရူဆိုမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ ချောင်းအတွင်းရေခပ်ဆင်းလာသည့် စစ်သားများကို တိုက်ခိုက်မှုု ၅ ဦးသေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိ appeared first on Khit Thit Media .