Y.E.R.O အမျိုးသမီးအသင်း ကစားသမား အိသက်ဖြိုး ဘောလုံးလောကမှ အနားယူ

Credit to Popular Journal - Y.E.R.O အမျိုးသမီးအသင်း၏ ကစားသမား အိသက်ဖြိုးမှာ ဘောလုံးလောကမှ အနားယူပြီးဖြစ်ကြောင်း ယနေ့တွင် သူမ ၏ TikTok အကောင့်မှတဆင့် တရားဝင်အသိပေးထားသည်။ သူမအနေဖြင့် မိဘများကို ကတိပေးထားသည့်အတိုင်း Grade-12ကို ပြန်လည်တက်ရောက်မည်ဖြစ်ခြင်းကြောင့် အနားယူခဲ့ခြင်းဖြစ်သည့်အပြင် ဘောလုံးကို အပျော်သဘောကလွဲပြီး မကစားတော့ကြောင်းလည်း အသိပေးထားသည်။ “ကျွန်တော်မိဘတွေကို ကတိပေးထားတဲ့အတိုင်း G12 တက်ရတော့မှာဖြစ်လို့ ဆရာသမားများ ဝါသနာတူသူငယ်ချင်းများ ကျွန်တော့်ကို အားပေးသောပရိသတ်များကို နှုတ်ဆက်ခဲ့ပါတယ်။ခဏတာဆုံခဲ့ရပေမဲ့ ကျတော့်စိတ်ထဲမှာအမြဲအမှတ်တရ ဖြစ်နေမှာပါ”ဟု ရေးသားမျှဝေထားသည်။ ထို့ပြင် သူမအနေဖြင့် ဘောလုံးလောကအတွင်းကို ခေါ်ယူပေးသည့် ဆရာသမားများနှင့် နွေးထွေးစွာကြိုဆိုပေးခဲ့သည့် Y.R.E.O က ဆရာများနှင့် အသင်းသားများကိုလည်း အမြဲအမှတ်ရနေမည်ဖြစ်ကြောင်း ဆိုထားသည်။ အိသက်ဖြိုးသည် မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းနှင့် Myanmar Women League ကလပ်အသင်းတစ်သင်းဖြစ်သည့် […] The post Y.E.R.O အမျိုးသမီးအသင်း ကစားသမား အိသက်ဖြိုး ဘောလုံးလောကမှ အနားယူ appeared first on Popular .